သွေးဆေး

ဤဆေးသည် မန္တလေးမြို့တိုင်းရင်းသမားတော်ကြီး ဦးအောင်မြင့်၏ လက်တွေ့ကုသအောင်မြင်နေသော ဆေး တစ်မျိုးဖြစ်ပါတယ်။ 
ဤဆေးတွင် 

-ဇာတိပ္ပိုလ်သီး၊
လေညှင်း ၊ ကံကော်၊ ဝတ်ဆံ၊ နွယ်ချို၊ နံ့သာနီ၊ဒန္တကူးနီ စသော ဆေးပစ္စည်းများ ပါဝင်သော ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။  သုံးစွဲနိုင်သော ရောဂါ တွေက….. 
🔸နှလုံးအားနည်းဿ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်း၊ မောပန်းလွယ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အိပ်မပျော်စားမဝင် စိတ်မကြည်လင်ခြင်း တို့အတွက် 
ရေအေးနှင့်သောက်ပါ။ 
🔸အအေးမိခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက် ခေါင်းခဲခြင်းများ၊ ဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ရေနွေးနှင့်သောက်ပါ။ 

🔸အမျိုးသမီးများ သွေးဆုံးချိန်တွင်ဖြစ်တတ်သော စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်မြန်ခြင်းများကို ရေအေးနှင့်သောက်ပါ။ 

🔸​​သွေးသည်းခြေဖောက်ပြန်ခြင်း အတွက် ရေနွေးနှင့်သောက်ပါ။ 
ဤဆေးကို နေ့စဥ်ပုံမှန်သုံးစွဲပါက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး သွေးအားကောင်းစေပါသည်။ နှုတ်ကို ချိုမြိန်စားကောင်းစေ၍ အိပ်ပျော်စေပါသည်။ 
🔸 စိတ်၌ဖြစ်သောဝေဒနါ ကိုသာမက ရုပ်ဖောက်ပြန်၍ဖြစ်သောဝေဒနါများကိုပါ သက်သာစေပါသည်။ 

🔸ရုပ်ခန္ဓာနာမ်ခန္ဓာ ခန္ဓာငါးပါးလုံးကို အကျိုးပြုသောဆေးဖြစ်၍ ခန္ဓာငါးပါးဆေးဟုအမည်တွင်၏။ 
——ဆေးအညွှန်း—— တစ်ကြိမ်လျှင်-  လူကြီး …… လက်ဖက်ရည်ဇွန်း (၁)ဇွန်း ကလေး…… လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်  —ရေနွေး (သို့) ရေအေး ဖြင့် နံနက် ည သောက်ပါ။
Shopping Cart